Sunday, December 30, 2012

ရွှေငါးလေး

ကျွန်တော့်မှာ ရွှေငါးကလေးတစ်ကောင်ရှိတယ်
အမြဲတမ်း ပွစိ ပွစိ ပါးစပ်ကလေးနဲ့ပေါ့
ဒါပေမဲ့ အဲ့ဒီ ပါးစပ်ကလေးလှုပ်နေတာ ထိုင်ကြည့်ရင်းပဲ
အရည်တွေ ပျော်ပျော်နေရတယ်
ကဲ ငါးကလေးရေ
ငါ့ကို မင်းပါးစပ်ကလေး ပွစိပွစိနဲ့လုပ်ရင်း
ထပ်ပြီး ပြုစားလိုက်ပါအုံး
ငါ တမေ့တမောကြီး ထိုင်ကြည့်ရင်း
အရည်တွေ ပျော်ပျော်ကျချင်နေသေးလို့။     ။

Monday, December 17, 2012

၁၅၁၂

အဲ့ဒီ ၁၅၁၂ မှာပေါ့
၉ နှစ်သား စည်းကလေး
အနမ်းလေးတစ်ပွင့်နဲ့
ပြိုကြသွားတယ်

ကံနိမ့်သွားတာလား
ကံမြင့်သွားတာလား
ဘာပဲပြောပြော
အဲ့ဒီထဲမှာ ငါ့ရင်ခုန်သံလေးတွေ
လောင်းကြေးထည့်ထားတယ်

ချစ်ဆုံးလေး
ကံကိုပုံပြီး ငါဆူးတောထဲ
မီးနီဖြတ်ကူးလိုက်တယ်
အဲ့ဒီ ၁၅၁၂ ရဲ့
တင်္ဒဂလေးမှာ။ ။